ကိုယ်တော်၏ငြိမ်သက်ခြင်း
အလုပ်ခွင်၌ အာဏာလုမှုကြောင့် လျှို့ဝှက်ကြံစည်ခြင်းပယောဂများနှင့် လပေါင်းများစွာ ကျွန်မရင်ဆိုင်ခဲ့ရသည်။ စိတ်ပူပန်ခြင်းသည် ကျွန်မ၏ဒုတိယအကျင့်ဖြစ်သောကြောင့် ကျွန်မ၌ငြိမ်သက်ခြင်းရှိနေခြင်းက အံ့သြစရာဖြစ်သည်။ စိတ်ပူပန်ခြင်းထက် အေးချမ်းတည်ငြိမ်သောစိတ်ဖြင့် တုံ့ပြန်လုပ်ဆောင်နိုင်ခဲ့သည်။ ထိုငြိမ်သက်ခြင်းသည် ဘုရားသခင်တစ်ပါးတည်းထံမှသာ လာသည်ကို ကျွန်မသိသည်။
၎င်းနှင့်ဆန့်ကျင်ဘက်မှာ ကျွန်မဘဝတွင် အရာရာအဆင်ပြေနေသော်လည်း စိတ်မငြိမ်မသက်ဖြစ်ရသည့်အချိန် ရှိခဲ့ဖူးသည်။ ဘုရားသခင်ကို ကိုးစားပြီး ကိုယ်တော်၏ဦးဆောင်မှုအပေါ် ယုံကြည်စိတ်ချရမည့်အစား မိမိ၏လုပ်ဆောင်နိုင်စွမ်းကို ကိုးစားခြင်းကြောင့် ကျွန်မထိုသို့ခံစားရခြင်းဖြစ်ကြောင်း ကျွန်မသိသည်။ ပြန်ပြောင်းဆင်ခြင်သော် စစ်မှန်သောငြိမ်သက်ခြင်းဖြစ်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် မိမိကြံုတွေ့ရသည့်အခြေအနေပေါ် မူမတည်ဘဲ ကိုယ်တော်အား မှီခိုကိုးစားမှုဖြင့်သာရရှိနိုင်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုရပါမည်။
မိမိ၏စိတ်နှလုံး တည်ကြည်သောအခါ ဘုရားသခင်၏ငြိမ်သက်ခြင်းကို ခံစားရမည်(ဟေရှာ ၂၆:၃)။ ဟေဗြဲဘာသာအရ ‘တည်ငြိမ်ခြင်း’ ဟူသည့် စကားလုံး၏အဓိပ္ပာယ်မှာ “မှီခိုခြင်း” ဖြစ်သည်။ ကိုယ်တော်၌မှီခိုလျှင် သူ၏ ငြိမ်သက်သောတည်ရှိမှုကို ကျွန်မတို့ခံစားရမည်ဖြစ်သည်။ ဘုရားသခင်သည် ထောင်လွှားဆိုးညစ်သူတို့ကို နှိမ့်ချပြီး သူ့အား ချစ်သောသူအပေါင်းတို့၏ လမ်းခရီးကို ချောမွေ့စေတော်မူကြောင်းကို…
သင်ရှေ့မဆက်နိုင်သည့်အခါ
၂၀၀၆ ခုနှစ်တွင် ကျွန်ုပ်ဖခင်သည် မှတ်ဉာဏ်ပျောက်၊ စကားမပြော၊ ခန္ဓာလှုပ်ရှားမှုကို မထိန်းချုပ်နိုင်သည့် ဉီးနှောက်အာရုံကြောဆိုင်ရာ ရောဂါဖြစ်နေပြီဟု စစ်ဆေးတွေ့ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အဖေအိပ်ယာထဲလဲပြီး အမေက သူ့ကို ပြုစုစောင့်ရှောက်ရသည်။ အဖေရောဂါဖြစ်စအချိန်က ဘဝ အမှောင်ကျလျက် ကျွန်ုပ်မှာ ကြောက်ရွံ့နေခဲ့သည်။ လူနာကို မည်သို့ပြုစုရမည်ကို ဘာတစ်ခုမှမသိ၊ ငွေရေးကြေးရေးနှင့် အမေ့ကျန်းမာရေးအတွက်လည်း စိတ်ပူခဲ့သည်။
ယေရမိမြည်တမ်းစကား ၃:၂၂ ပါ နှုတ်ကပတ်တော်သည် မှုန်ရီဝိုးတဝါးဖြစ်နေသည့် ကျွန်ုပ်၏နှလုံးသားကဲ့သို့ မှောင်နေသော မနက်ခင်းများစွာ၌ နှိုးထနိုင်ရန် မစခဲ့သည်။ "ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏။" ဟေဗြဲ ဝေါဟာရတွင် "ဆုံးရှုံးခြင်း"၏အဓိပ္ပာယ်မှာ "ဘာမှမကျန်အောင် ပြောင်သလင်းခါသည်" သို့မဟုတ် "အဆုံးသို့ရောက်သည်" ဟူ၍ဖြစ်သည်။
ကျွန်ုပ်တို့ရှေ့ဆက်နိုင်အောင်၊ တစ်နေ့တာကို ရင်ဆိုင်နိုင်အောင်၊ ခံရပ်နိုင်အောင် ဘုရားသခင်၏ကြီးမားမေတ္တာက မစသည်။ စစ်ကြောမှုများက လွှမ်းမိုးနေသည်ဟု ခံစားရနိုင်လည်း…
သာမန်မဖြစ်နိုင်သော
အယ်နီတာသည် သူမအသက်၉၀ပြည့်မွေးနေ့တွင် အိပ်ပျော်ရင်း ဆုံးပါးသွားခဲ့သည်။ သူမ၏တိတ်တဆိတ်ထွက်ခွာမှုသည် သူမဘဝ၏တိတ်ဆိတ်မှုကို ထင်ဟပ်စေခဲ့သည်။ သူသည် မုဆိုးမဖြစ်ပြီး သူမ၏သားသမီးနှင့် မြေးများအတွက်ပေးဆပ်ခဲ့သည်။ ဘုရားကျောင်းရှိ ငယ်ရွယ်သောအမျိုးသမီးများအတွက် မိတ်ဆွေဖြစ်ပေးလျက် အချိန်ပေးခဲ့သည်။
အယ်နီတာသည် ထူးထူးခြားခြားထူးချွန်ပြီး အောင်မြင်သူမဟုတ်ပါ။ သို့သော် ဘုရားသခင်အပေါ် သူမ၏နက်ရှိုင်းသောယုံကြည်မှုက သူမကိုသိသူများအတွက် အတုယူစရာဖြစ်ခဲ့သည်။ "ပြဿနာတစ်ခုခုနဲ့ပတ်သက်ပြီး ဘာလုပ်ရမှန်းမသိတော့တဲ့အချိန်မှာ ကျော်ကြားတဲ့တရားဟောဆရာ၊ စာရေးဆရာတွေရဲ့ စကားကို မတွေးမိဘူး။ အယ်နီတာဆိုရင် ဘာပြောမလဲလို့ပဲ စဉ်းစားမိတယ်"ဟု ကျွန်ုပ်၏ သူငယ်ချင်းတစ်ဦးက ပြောပါသည်။
ကျွန်ုပ်တို့အများစုသည် အယ်နီတာကဲ့သို့ပင် သာမန်ဘဝ၌ ရှင်သန်ကြသည့် သာမန်လူများသာ ဖြစ်သည်။ ကျွန်ုပ်တို့၏နာမည်များ သတင်း၌ ဟိုးလေးတစ်ကျော်ဘယ်တော့မှပါလာမည် မဟုတ်သလို ကျွန်ုပ်တို့ကိုဂုဏ်ပြုပြီး ရုပ်တုတည်ထား ပေးခြင်းများလည်း မရှိပါ။ သို့သော် သခင်ယေရှုကိုယုံကြည်ပြီး ရှင်သန်သည့် ဘဝအသက်တာသည် ဘယ်တော့မှ သာမန်မဟုတ်ပါ။ ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၁ ၌ ပါရှိသည့်…
သင်လိုအပ်သမျှ
မိသားစုပြန်လည်တွေ့ဆုံပွဲတွင် ကျွန်မ၏မိသားစုနှင့် ဆွေမျိုးများ အတူတကွ ပျော်ရွှင်စွာ စားသောက်ကြလျက် ကျွန်မလည်း အလွန်ပျော်ပါသည်။ သို့သော် "ဒီနေရာမှာ နင်က ကိုယ်ပိုင်မိသားစုရယ်လို့ ခေါ်စရာမရှိတဲ့ တစ်ဦးတည်းသော အမျိုးသမီးပဲ" ဆိုသောအတွေးသည် ကျွန်မအား စိတ်ခြောက်ခြားသွား စေခဲ့သည်။
ကျွန်မကဲ့သို့ အိမ်ထောင်မရှိသောအမျိုးသမီး အများအပြားသည်လည်း အလားတူ အတွေ့အကြုံများရှိကြသည်။ အိမ်ထောင်ရေးနှင့် ကလေးများကို အလွန်တန်ဖိုးထားကြသည့် ကျွန်မတို့၏အာရှယဥ်ကျေးမှုတွင် ကိုယ်ပိုင်မိသားစု မရှိခြင်းသည် မပြည့်စုံခြင်းသဘော သက်ရောက်စေသည်။ သင်၏ဖြစ်တည်မှုနှင့် သင့်ကို ပြီးပြည့်စုံစေသည့် အရာတစ်ခုခု ကင်းမဲ့နေသည်ဟု ခံစားရစေသည်။
ထို့ကြောင့်ပင် ထာဝရဘုရားသည် ကျွန်မခံစားရာအဖို့ "အမွေ"ဖြစ်သည် ဟူသော အမှန်တရားသည် ကျွန်မအား အလွန်စိတ်သက်သာရာရစေပါသည် (ဆာ ၇၃:၂၆)။ ဣသရေလအမျိုးအနွယ်တို့အား မြေယာခွဲဝေသတ်မှတ်ပေးရာတွင် လေဝိအမျိုးသားတို့အား မြေယာမခွဲဝေပေးခဲ့ပေ။ ထိုအစား ဘုရားသခင်သည် သူကိုယ်တော်တိုင်က လေဝိအမျိုးတို့ ခံစားရာအမွေဖြစ်တော်မူသည်ဟု ကတိတော်ပေးခဲ့သည် (တရား ၁၀:၁၁)။…